Ki & Ka (2016)
ရိုက်ကူးကုန်ကျစရိတ် အမေရိ ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းရှိခဲ့ ပြီး ရုံဝင်ငွေအမေရိကန်ဒေါ်လာ ၇ ဒသမ ၉ သန်း ရရှိနေသည့် ဟင်ဒီစကားပြော ဒရမ်မာရုပ်ရှင်ဖြစ်သည်။ ကီရာ (ကာရီ နာကပူခန်) သည် အောင်မြင်သော အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး သူမကဲ့သို့ပင် အခြားအမျိုးသမီးများအား အိမ် ထောင်သားမွေးအလုပ်မှ ရုန်းထွက် ပြီး မိမိအလုပ်ကို လုပ် ကိုင်ကြရန် တိုက်တွန်းတတ်သူဖြစ်သည်။ သို့မှသာ မိမိခင်ပွန်းဖြစ်သူကို ထောက်ပံ့နိုင်မည်ဟု ယုံကြည်နေသည်။ တစ်နေ့တွင် နာမည်ကျော်ဆောက်လုပ်ရေး ကန်ထရိုက်တာ တစ်ဦး၏ သား ဖြစ်သူ ကာဘီရာဆိုသူနှင့် ဆုံစည်းမိပြီး ထိုအမျိုးသားအပေါ်ကို စိတ် ဝင်စားခဲ့သည်။ ထိုအမျိုးသားသည် သူ၏မိခင်ကဲ့သို့ အိမ်ထောင်ရှင်မ ကောင်းတစ်ဦးဖြစ်လာမည့် မိန်းက လေး တစ်ဦးကိုလိုလားပြီး စီးပွားရေး လုပ်ငန်းရှင်တစ်ဦးအနေဖြင့် အိမ်မှ ထွက်ကာ အလုပ်လုပ်သည်ကို မနှစ် မြို့ပေ။
ခံယူချက်ချင်းမတူညီသည့် သူ တို့နှစ်ဦးချစ်ကြိုက်မိပြီး လက်ထပ်ရန်စီစဉ်ကြသောအခါမှ ပြဿနာ များ စတင်လာတော့သည်။ ကီရာ၏ အလျှော့မပေးတတ်သော စိတ်နှင့် ကာဘီရာ၏ အနိုင်မ ခံသော စိတ် အခြေအနေများကြောင့် လက်ထပ်ပြီးစ ကြင်စဦးဇနီးမောင်နှံမှာ တကျက်ကျက်ဖြစ်ခဲ့ကြသည်။ လင်မယားနှစ်ဦးကွဲခါနီးအချိန်တွင် အမျိုးသားတစ်ဦးအတွက် အိမ်မှုကိစ္စများ ကိုင်တွယ်ပြီး အပြင်ထွက် အလုပ်မလုပ်ခြင်းသည် ရဲရင့်သော ဆုံးဖြတ်ချက်ဖြစ်သော်လည်း ထို ကဲ့သို့သော ယောကျာ်းမျိုးကိုပိုင်ဆိုင် ရသော မိန်းမတစ်ဦးကို ရွေးချယ်ရ ခြင်းသည် ပိုမိုခက် ခဲသော ဆုံးဖြတ်ချက်ဖြစ်သည်ဆိုသော စာတစ်စောင်ကို လက်ခံရရှိခဲ့သည့်အခါ လင်မယား နှစ်ဦး၏ စိတ်အပြောင်းအလဲ ဖြစ်ခဲ့ရသည်။ ယနေ့ခေတ် အိန္ဒိယလူမှု အသိုက်အဝန်းမှ ဇနီးမောင်နှံတို့ ၏ ဘဝကို ထင်ဟပ်ပြသထားသောရုပ် ရှင်ဖြစ်သည်။
ရုပ်ရှင်အညွှန်း - #Democracy Today
IMDB 5.8 ရထားတဲ့ ဟာသနှောထားတဲ့ အချစ်ဇာတ်ကားဟာ 2h:06mins ကြာမြင့်ပါတယ်။ ဖိုင်ဆိုဒ် အသေးနှစ်ခု တင်ပေးထားပါတယ်....
Credit.Flim2mm.com
No comments:
Post a Comment